အိမ်ရဲ့အငွေ့အသက်အရသာ - ဂျပန်နိုင်ငံမှာ ဆင်နွှဲတဲ့ မြန်မာ့တန်ဆောင်တိုင်ပွဲတော်

ဂျပန်မှာ နိုဝင်ဘာလ ရောက်လာပြီဆိုရင် ရာသီဥတုက တဖြည်းဖြည်းဖြင့် အေးလာပါပြီ။ သစ်ရွက်တွေ အရောင်ပြောင်းလာပြီးညနေခင်းများမှာလည်း   ရှည်လျားလာပြီး ဆောင်းရာသီမှာ လာရောက်လို့ နေပါတော့တယ်။

ဂျပန်မှာနေထိုင်နေတဲ့ မြန်မာတစ်ယောက်အနေနှင့် နိုဝင်ဘာလဟာ အမြဲတမ်း တမူထူးခြားလှပတဲ့ လတစ်လဖြစ်ပါတယ်။ အိမ်ကို ပုံမှန်ထက် ပိုပြီး လွမ်းဆွတ်မိတဲ့ ရာသီချိန်အခါလည်း ဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ နိုဝင်ဘာလဟာ တစ်နှစ်တာရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးသော အချိန်တွေထဲက တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်ုပ်တို့ရဲ့ အကြီးမားဆုံးနဲ့ အလှပဆုံး ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ကျင်းပဆင်နွှဲကြလို့ ဖြစ်ပါတယ်။


မီးရောင်းစုံများ၊ အရောင်အသွေးများနှင့် အမှတ်တရများစွာ ပြည့်နှက်နေသော တန်ဆောင်တိုင်ပွဲတော်

တန်ဆောင်တိုင်ပွဲတော်မှာ မြန်မာနိုင်ငံ၏ ချစ်ခင်မြတ်နိုးရဖွယ်ကောင်းသော ရိုးရာပွဲတော်များထဲမှတစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်သော မီးပုံးပျံပွဲတော်ဖြင့် အထူးပင် ကျော်ကြားလှပါသည်။

ပွဲတော်ကာလအတွင်း ညကောင်းကင်ယံသည် လှပစွာ အလှဆင်ထားသော မီးပုံးပျံများ၊ လင်းလက်နေသော မီးရောင်များနှင့် ဆန်းကြယ်လှသော မီးပန်းများဖြင့် သက်ဝင်လှပလာပါသည်။ အချို့မီးပုံးပျံများတွင် ဆန်းသစ်သော အရောင်အသွေးပုံစံများ ပါရှိပြီး အချို့မှာမူ ကောင်းကင်ယံကို လင်းလက်သွားစေသည့် မီးပန်းများကို သယ်ဆောင်ထားကာ မေ့ဖျောက်၍မရနိုင်သော မြင်ကွင်းကို ဖန်တီးပေးပါသည်။ ပွဲတော်ဝန်းကျင်တစ်ခုလုံးသည်လည်း ရင်ခုန်စိတ်လှုပ်ရှားမှုများ၊ ရယ်မောသံများနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေ့ရှိပါသည်။



ဒီပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ်အသီးသီးက လူများကိုသာမက ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီးသွားများကိုပါ ဒီထူးခြားလှပသော ပွဲတော်ကို လာရောက်တွေ့ကြုံ ခံစားနိုင်ရန် ဆွဲဆောင်နိုင်သည်အထိ ကျော်ကြားလှပါသည်။

ကျွန်ုပ်အတွက် ဒီပွဲတော်ကို အရမ်းထူးခြားလှစေငည်မှာ လှပတဲ့ မီးပုံးပျံတွေနဲ့ ဆန်းကြယ်လှပလွန်းတဲ့ ညကောင်းကင်ယံကြောင့် မဟုတ်ပါဘူး။ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ တူတူရှိနေရတဲ့ ခံစားချက်၊ အရသာရှိလှတဲ့ ရိုးရာမုန့်တွေကို သုံးဆောင်ရင်း ပွဲတော်ဝန်းကျင်မှာ လမ်းလျှောက်လည်ပတ်ကာ

နောင်နှစ်ပေါင်းများစွာတိုင် အမှတ်ရနေမယ့် အမှတ်တရကောင်းတွေကို ဖန်တီးနိုင်ခဲ့လို့လည်း ဖြစ်ပါတယ်။

အိမ်နဲ့ အလွန်ဝေးကွားလွန်းတဲ့ နေရာမှာ နေထိုင်နေရတဲ့အချိန်မှာတော့ ဒီလိုသေးငယ်တဲ့ အမှတ်တရလေးတွေဟာ ပိုလို့တောင် တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိလာပါတော့တယ်။




အိမ်နှင့်ဝေးကွာလွန်းတဲ့ နေရာမှာ ဆင်နွှဲသည့် တန်ဆောင်တိုင်ပွဲတော်

ဒီနှစ် ကျွန်ုပ်ရဲ့မွေးရပ်မြေမှာ တန်ဆောင်တိုင်ပွဲတော်ကို မဆင်နွှဲနိုင်ခဲ့ရင်တောင်မှ ဂျပန်မှာလည်း ဒီပွဲတော်ရဲ့ အငွေ့အသက်လေးကို နည်းနည်းပါးပါး ခံစားဆင်နွှဲချင်ပါသေးတယ်။

မြန်မာပြည်ကို လွမ်းလာတဲ့အခါတိုင်း ကျွန်ုပ် ပထမဆုံးလုပ်လေ့ရှိတဲ့ အရာတစ်ခုကတော့ မီးဖိုချောင်ထဲဝင်ပြီး မြန်မာဟင်း ဒါမှမဟုတ် ရိုးရာမုန့်အချို့ကို ပြုလုပ်တာပါပဲ။

ရင်းနှီးပြီးသား ဟင်းလျာတွေကို ချက်ပြုတ်ရတာဟာ စိတ်ကို ပြန်လည်လန်းဆန်းသက်သာစေတဲ့ ခံစားချက်တစ်ခု ရှိပါတယ်။ ရင်းနှီးကျွမ်းဝင်နေတဲ့ ပါဝင်ပစ္စည်းတွေရဲ့ မွှေးရနံ့၊ အိမ်ချက်မုန့်တွေရဲ့ အရသာနဲ့ ပြင်ဆင်ချက်ပြုတ်ရတဲ့ လုပ်ငန်းစဉ်အိမ်ရဲ့ အမှတ်တရများစွာကို ပြန်လည်နိုးထစေပါတယ်။

ဒီနှစ်မှာတော့ မီးဖိုချောင်ထဲမှာ နာရီပေါင်းများစွာ အချိန်ကုန်ခံမနေတော့ဘဲ ရိုးရှင်းစွာပဲ တန်ဆောင်တိုင်မှာ သုံးဆောင်ဖို့ ကျွန်ုပ်အကြိုက်ဆုံး မြန်မာ့ရိုးရာ မုန့်တစ်ခုကိုပဲ ပြုလုပ်ချင်ပါတယ်။

ဒါ့အပြင် ပွဲတော်ဆင်နွှဲတယ်ဆိုတာ အမြဲတမ်း ပွဲကြီးလမ်းကြီး ချက်ပြုတ်ပြင်ဆင်နေဖို့ မလိုပါဘူး။ တစ်ခါတစ်ရံမှာ ကိုယ်တိုင်လုပ်ထားတဲ့ မုန့်အနည်းငယ်၊ နွေးထွေးတဲ့ ရေနွေးကြမ်းလေး တစ်ခွက်နှင့် ချစ်ခင်ရသူတွေနဲ့အတူ ကုန်လွန်ရတဲ့ အချိန်တိုလေးကတင် လုံလောက်လှပါပြီ။


မြန်မာ့ရိုးရာ မုန့်တစ်မျိုး - ဘိန်းမုန့်

မြန်မာနိုင်ငံတွင် အရသာရှိသော ရိုးရာမုန့်များ အမြောက်အမြား ရှိပြီး၊ အများစုမှာ ဆန်မှုန့်၊ အုန်းသီး၊ ထန်းလျက်၊ နှမ်းနှင့် မြေပဲ ကဲ့သို့သော ရိုးရှင်းသည့် ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ဒီနှစ် ပွဲတော်အတွက်တော့ ကျွန်ုပ် အကြိုက်ဆုံး ရိုးရာမုန့်တစ်ခုဖြစ်သည့် ဘိန်းမုန့် (Bain Mote) ကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

ဘိန်းမုန့်သည် ကျွန်ုပ်တို့အများစု ငယ်စဉ်ကတည်းက စားလာခဲ့ရသော လူကြိုက်များပြီး ကျော်ကြားသည့် မြန်မာ့ရိုးရာ မုန့်တစ်ခု ဖြစ်ပါသည်။ ဘိန်းမုန့်၏ဘေးအနားသားလေးမှာ အနည်းငယ် ကြွတ်ရွပြီး အလယ်တွင် ဖောင်းဖောင်းယောင်းယောင်းနှင့် အုန်းသီး အရသာ၊ မွှေးရနံ့တို့ဖြင့် ပြည့်နှက်နေသော အရသာ ထူးခြားမှုကို ပေးစွမ်းပါသည်။ ပိုမိုထူးခြားစေသည့် အချက်မှာမူ ဘိန်းမုန်းကို စားလိုက်သည့် အခါတိုင်းမှာ ခံစားရသည့် ဘိန်းစေ့၏ မွှေးပျံ့သောအနံ့ပင် ဖြစ်ပါသည်။

ဘိန်းမုန့်ကို ကျွန်ုပ် အကြိုက်ဆုံး အချက်များထဲမှ တစ်ခုမှာ ဆန်းပြားသည့် ပါဝင်ပစ္စည်းများ အများကြီး မလိုအပ်ခြင်းပင် ဖြစ်ပါသည်။ ဆန်မှုန့်၊ ထန်းလျက်၊ အုန်းသီးဖတ်၊ ဘိန်းစေ့၊ Almond (သို့မဟုတ် မြေပဲ) နှင့် ဆီ သို့မဟုတ် ထောပတ်ဆီ အနည်းငယ်မျှဖြင့် ဒီလို ရိုးရှင်းသည့် မြန်မာ့ရိုးရာ မုန့်ကို ကိုယ်တိုင် မီးဖိုချောင်ထဲမှာပင် ပြန်လည် ဖန်တီးနိုင်ပါသည်။

ရိုးရှင်း၊ အရသာရှိပြီး ငယ်ဘဝ အမှတ်တရများကို အများကြီး ပြန်လည်နိုးထစေပါသည်။



Ambika ထုတ်ကုန်များကို လေ့လာစမ်းသပ်ခြင်း - အိမ်၏ အရသာကို ဂျပန်ပြည်သို့ သယ်ဆောင်လာမှု

အိမ်နှင့် ဝေးကွာသော အရပ်ဒေသဆီမှာ  ရှင်သန်နေထိုင်နေရသည့်တိုင်အောင် ကျွန်ုပ်တို့ ငယ်စဉ်ကတည်းက စားလာခဲ့ရသော ရိုးရာ အစားအစာများနှင့် မုန့်များကို မစားသောက်ရနိုင်တော့ဖူးဆိုသည်မှာ မဖြစ်နိုင်ပါ။  တစ်ခါတစ်ရံမှာ မှန်ကန်ကောင်းမွန်သော ပါဝင်ပစ္စည်းများကို ရှာဖွေရွေးချယ်ပြီး စစ်မှန်ရင်းနှီးကျွမ်းဝင်သော အရသာများကို ကိုယ်တိုင် မီးဖိုချောင်ထဲသို့ ပြန်လည်သယ်ဆောင်နိုင်ဖို့အတွက် အမှန်တကယ် လိုအပ်သော ပါဝင်ပစ္စည်းများသာ လိုအပ်ခြင်းဖြစ်ပါသည်။

ဂျပန်ပြည်မှာ နေထိုင်တဲ့ မြန်မာတစ်ယောက်အနေနဲ့ တန်ဆောင်တိုင်လို ပွဲတော်များနှင့် ထူးခြားသည့် အခါများတွင် ကျွန်ုပ်တို့၏ ရိုးရာ အစားအစာများကို အမြဲ သတိရမိသော်လည်း၊ မူရင်းအရသာအတိုင်း မြန်မာ့အစားအစာနှင့် ရိုးရာမုန့်များ ပြုလုပ်ရန် ပါဝင်ပစ္စည်းများကို ရှာဖွေရသည်မှာ တစ်ခါတစ်ရံ ခက်ခဲတတ်ပါသည်။

ဒီလိုအချိန်မှာ Ambika တွင် မြန်မာ့ရိုးရာ အစားအစာများနှင့် အိမ်မှာလုပ်သည့် ရိုးရာမုန့်များ ပြုလုပ်ရန်အတွက် အသုံးဝင်သော ထုတ်ကုန်များကို အများအပြား ရရှိနိုင်သည်ဆိုတာကို သိရှိခဲ့ရတာ ဖြစ်ပါသည်။

ဆန်မှုန့်မှသည် အုန်းသီး ထုတ်ကုန်များ၊ ထန်းလျက်၊ နှမ်း၊ မြေပဲနှင့် အခြား လိုအပ်သော ပါဝင်ပစ္စည်းများအထိ ရွေးချယ်စရာ အများအပြား ရှိပါသည်။ ဒီပါဝင်ပစ္စည်းများသည် ကိုယ်တိုင်ပြုလုပ်သည့် ဘိန်းမုန့် အပါအဝင် ကျွန်ုပ်တို့ အကြိုက်ဆုံး ရိုးရာမုန့်များကို ပြန်လည်ပြုလုပ်ရန် ပိုမို အဆင်ပြေစေပါသည်။

ကျွန်ုပ် ပိုမို သဘောကျသည့် အချက်တစ်ခုမှာ Ambika ထုတ်ကုန် အများစုသည် Vegan နှင့် Vegetarian စားသုံးသူများအတွက်ပါ သင့်တော်သည့် အချက်ဖြစ်ပါသည်။ ဒါက အစားအသောက် ကြိုက်နှစ်သက်မှု မတူညီကြသော မိသားစုနှင့် သူငယ်ချင်းများအတွက် ရိုးရာမုန့်များ ပြင်ဆင်ရာတွင် ပိုမို အဆင်ပြေစေပါသည်။

မြန်မာ့ရိုးရာမုန့် ပြုလုပ်သည်ဖြစ်စေ၊ ပွဲတော်မုန့်များ ပြင်ဆင်သည်ဖြစ်စေ သို့မဟုတ် အိမ်ကို သတိရစေမည့် အစားအစာတစ်ခုခုကို စားချင်ရုံမျှဖြစ်စေ မှန်ကန်သော ပါဝင်ပစ္စည်းများ ရှိနေခြင်းက ကွာခြားချက်ကြီးတစ်ခုကို ဖန်တီးပေးပါသည်။

ဘိန်းမုန့် လုပ်နည်း - မြန်မာ့ရိုးရာမုန့်

ဘိန်းမုန့်ကို ကိုယ်တိုင် အိမ်မှာ ပြုလုပ်ရတာဟာ ရိုးရှင်းပြီး ကုန်ကျစရိတ် သက်သာကာ အချိန်အများကြီးလည်း မလိုအပ်ပါ။ ပိုမို အရေးကြီးသည့် အချက်မှာမူ အိမ်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသောဆီမှာ တန်ဆောင်တိုင်ပွဲတော်ကို ဆင်နွှဲနေရသည့်တိုင်အောင် မြန်မာပြည်၏ ရင်းနှီးသော အရသာကို ပြန်လည် ခံစားရစေခြင်းပင် ဖြစ်ပါသည်။

ကျွန်ုပ် ကိုယ်တိုင် ပြုလုပ်သည့် ဘိန်းမုန့် ပြုလုပ်နည်းနှင့် ပါဝင်ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ ဆန်မှုန့် (Ambika) Rice Powder (JAPAN) 1kg

၂။ တစေးခြောက် ( Dry Yeast)

၃။ မုန့်ဖုတ်ပေါင်ဒါ (Baking Powder)

၄။ ထန်းလျက်ခဲ (Ambika) Natural Jaggery Cubes 500g

၅။ အုန်းသီးဖတ် (အုန်းမျှင်) (Ambika) Coconut Thread 500g

၆။ ထောပတ်ဆီ (Ghee) (Bhumi) Dairy Ghee 500ml (Nepal)  (သို့မဟုတ်) ဟင်းသီးဟင်းရွက်ဆီ

၇။ ဘိန်းစေ့ (Ambika) Poppy Seed 100g

၈။ ဗာဒံစေ့ (Ambika) Almond Slice (Badam) 100g (သို့မဟုတ်) လှော်ထားသော မြေပဲ

၉။ ရေ

လွယ်ကူစွာ ပြင်ဆင်မှု

အဆင့် ၁ - ထန်းလျက်ရည် ပြုလုပ်ခြင်း

ထန်းလျက်ခဲ ၁၅၀ ဂရမ်ကို ရေ အနည်းငယ်နှင့်အတူ အိုးငယ်တစ်ခုအတွင်း ထည့်ပါ။ ထန်းလျက်ခဲများ အားလုံး အရည်ပျော်သွားသည်အထိ အပူပေးပါ။ မီးဖိုပေါ်မှ ဖယ်ရှားပြီး အေးသွားအောင် ထားပါ။

အဆင့် ၂ - မုန့်နှစ် ပြုလုပ်ခြင်း

မုန့်နှစ်စပ်ရန်အတွက် ဇလုံတစ်ခုထဲကို ဆန်မှုန့် ၃၀၀ ဂရမ်၊ မုန့်ဖုတ်ပေါင်ဒါလက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းနှင့် တစေးခြောက် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းတို့ကို ထည့်ပြီး သမအောင် မွှေပါ။

အဆင့် ၃ - ပါဝင်ပစ္စည်းများကို အတူတကွ ရောစပ်ခြင်း

အေးသွားအောင် ထားထားသော ထန်းလျက်ရည်ကို ဆန်မှုန့်အရောထဲသို့ လောင်းထည့်ရင်း တဖြည်းဖြည်း သမအောင် မွှေပေးပါ။ မုန့်နှစ်များ အခဲမကျန်စေဘဲ ချောမွေ့သော pancake မုန့်နှစ်ရည် ရရှိသည်အထိ မွှေပါ။ လိုအပ်ပါက ရေ အနည်းငယ်ထည့်ပြီး မုန့်နှစ်ရည် အပျော့အမာကို ပြင်ဆင်ပါ။

အဆင့် ၄ - ဒယ်အိုးကို အပူပေးခြင်း

အိုးမကပ်သော ဒယ်အိုးကို မီးမျှင်းမျှင်းပေါ်တွင် တင်ပြီး ဟင်းသီးဟင်းရွက်ဆီ သို့မဟုတ် ထောပတ်ဆီကို အနည်းငယ်ကို သုတ်ပေးပါ။

အဆင့် ၅ - မုန့်နှစ်ရည်ကို ထည့်ခြင်း

ဒယ်အိုးထဲသို့ မုန့်နှစ်ရည် အနည်းငယ်ထည့်ပြီး ဝိုင်းဝိုင်းလေး pancake မုန့်ဖြစ်စေရန် တဖြည်းဖြည်း ဖြန့်ပေးပါ။

အဆင့် ၆ - ပါဝင်ပစ္စည်းများ ဖြူးပေးခြင်း

အပေါ်မှ အုန်းသီးဖတ် (အုန်းမျှင်)၊  ဗာဒံစေ့ (သို့မဟုတ်) မြေပဲလှော် နှင့် ဘိန်းစေ့တို့ကို ဖြူးပေးပါ။

အဆင့် ၇ - ရွှေဝါရောင်သန်းသည်အထိ ကြော်ခြင်း

ဒယ်အိုးကို အဖုံးဖြင့်ဖုံးပြီး မီးမျှင်းမျှင်းဖြင့် အောက်ဘက် ရွှေဝါရောင် သန်းလာပြီး အပေါ်ဘက် မုန့်နှစ်ရည် အတော်လေး ကျက်သွားသည်အထိ ချက်ပါ။ မုန့်ကို အသာလေး တစ်ဖက်သို့ လှန်ပြီး အခြားတစ်ဖက်ကိုလည်း ခဏမျှ ကြော်ပေးပါ။ 

ဘိန်းမုန့်ကို ဒယ်အိုးထဲမှ ဖယ်ရှားပြီး နွေးနွေးလေး ရှိနေစဉ် အရသာရှိစွာ သုံးဆောင်ပါ။

ဘိန်းမုန့်၏ ဘေးအနားများတွင် အနည်းငယ် ကြွတ်ရွပြီး အလယ်တွင် ဖောင်းယောင်းယောင်းနှင့် ထန်းလျက်၏ အချိုဓာတ်၊ အုန်းသီး၏ အရသာ၊ မွှေးရနံ့တို့နှင့်အတူ ဘိန်းစေ့၏မွှေးပျံ့သော အနံ့တို့က စားလိုက်တိုင်းကို အလွန် အရသာရှိစေပါသည်။

ကိုယ်တိုင် ပြုလုပ်ထားသော ဘိန်းမုန့် နွေးနွေးလေး တစ်ချပ်သည် အိမ်၏ အငွေ့အသက်အရသာကို ပြန်လည် ခံစားရစေဖို့အတွက် အပြည့်အဝ လုံလောက်လှပါသည်။