မြန်မာနိုင်ငံအလယ်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မျိုးစုံသောသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ညှိုးငယ်စိတ်ဖြင့် ဝမ်းနည်းစကားပါးအပ်ပါသည်။ ထိုဒေသများတွင် ပြန်လည်ထူထောင်ရေးများအလျင်အမြန်ဖြစ်လာပြီး၊ ပြည်သူများ ပြန်လည်အေးချမ်းသောဘဝတစ်ခု ရရှိလာစေရန် ဆုတောင်းအပ်ပါသည်။
Ambika Online Shopသည် စတင်ဖွင့်လှစ်ခဲ့သောအချိန်မှစ၍ ဂျပန်နိုင်ငံတွင်နေထိုင်သော အိန္ဒိယလူမျိုးများအကြား လူသိများပြီး နောက်ပိုင်းတွင် အိန္ဒိယယဉ်ကျေးမှုနှင့်အစားအစာများကို စိတ်ဝင်စားသော ဂျပန်နိုင်ငံသားများထံမှလည်း စိတ်ဝင်စားမှု တိုးလာခဲ့ပါသည်။ ယနေ့အခါတွင်၊ အိန္ဒိယနှင့် ဂျပန်လူမျိုးများသာမက၊ အခြားသောနယ်နမိတ်များဖြစ်သည့် နီပေါ၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ် စသည့် အာရှနိုင်ငံအသီးသီးမှ သုံးစွဲသူများကလည်း အွန်လိုင်းဆိုင်သို့ လည်ပတ်လာကြပါသည်။
ထိုသူများအနက်မှ လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားသော ယဉ်ကျေးမှုတို့ရှိနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံသည် ထင်ရှားသောနိုင်ငံတစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း မြန်မာနိုင်ငံသားများ ဂျပန်သို့ ပြောင်းရွှေ့နေထိုင်သူဦးရေ မြန်မြန်ဆန်ဆန်တိုးလာနေပြီး၊ မြို့ကြီးမြို့သေးများတွင် မြန်မာဘာသာစကားကို နားထောင်ရသည့်အခွင့်အလမ်းများလည်း များလာသည်ကို တွေ့နိုင်ပါသည်။
ဤဘလော့ဂ်တွင် မြန်မာနိုင်ငံ၏ သမိုင်းနောက်ခံ၊ အစားအစာယဉ်ကျေးမှုနှင့်အတူ ဂျပန်နိုင်ငံ၌ နေထိုင်သော မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုအကြောင်းကို မျှဝေလိုပါသည်။
လူမျိုးပေါင်းစုံနှင့် မတူကွဲပြားမှုများရှိသောနိုင်ငံ
မြန်မာနိုင်ငံသည် ထိုင်း၊ တရုတ်၊ အိန္ဒိယတို့နှင့် နယ်မြေဆက်စပ်သည့်ဒေသတစ်ခုဖြစ်သောကြောင့် ယဉ်ကျေးမှုအမျိုးမျိုး၏ လွှမ်းမိုးသက်ရောက်မှုများကို ရရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာကို တစ်နိုင်ငံလုံးတွင် ကျယ်ပြန့်စွာယုံကြည်ခံယူထားသော်လည်း တိုင်းရင်းသားမျိုးနွယ်စု ၁၃၀ ကျော်ရှိပြီး မျိုးနွယ်စုတိုင်းသည် မိမိ၏ဘာသာစကားနှင့် ယဉ်ကျေးမှုကို တန်ဖိုးထားကြသည်။
ယခုအချိန်တွင် စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံခြားတွင်နေထိုင်ရန် ရွေးချယ်သောလူဦးရေများ တဖြည်းဖြည်းတိုးပွားလာပြီး၊ ဂျပန်နိုင်ငံသည်လည်း ထိုရွေးချယ်မှုအနက်မှ တစ်ခုဖြစ်လာသည်။
ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးများ၏ အစားအသောက်အလေ့အထများ
※ ဤအကြောင်းအရာများသည် တစ်စုံတစ်ယောက်၏ အတွေ့အကြုံမှ အခြေခံပြီးရေးသားထားသော ယေဘူယျအချက်များသာဖြစ်ပြီး၊ ဂျပန်နေမြန်မာလူမျိုးများကို ကိုယ်စားပြုမှုမဟုတ်ကြောင်း ချန်ထားဖော်ပြပါသည်။
မည်သည့်နိုင်ငံသို့ရောက်ရောက် မိမိတို့မိခင်နိုင်ငံ၏အစားအစာကို သတိရမှုက မလွဲမသွေ ဖြစ်နိုင်ပါသည်။ ဂျပန်နိုင်ငံ၏ မိဆိုဟင်းချို၊ Nato(ပဲပုတ်)၊ရာသီပေါ်အသီးအရွက်စသည့်တွဲဖက် စားသောက်မှုပုံစံအောက်တွင် မြန်မာရိုးရာဟင်းလျာများကို မည်သို့ပြန်လည်ဖန်တီးနိုင်မည်နည်း။
၁။ ဆန်
မြန်မာနိုင်ငံသည် ဆန်ထုတ်လုပ်မှုမြင့်သောနိုင်ငံတစ်ခုဖြစ်ပြီး “ပေါ်စံမွှေး (Paw San Hmwe)” ဟုခေါ်သော ဆန်အမျိုးအစားသည် လူကြိုက်အများဆုံးဖြစ်သည်။ Basmati Riceသို့မဟုတ် Jasmine Rice တို့ကဲ့သို့ရနံ့မွှေးပျံ့မှုရှိပြီး ဂျပန်ဆန်ထက် စီးကပ်မှုနည်းပါးပါသည်။
၂။ ငါးပိ၊ငါးခြောက်ကဲ့သို့သောFermented Foodများ
ငါးခြောက်၊ ပုစွန်စသည်များကို အချဥ်ဖောက်၍ Fermented Food အဖြစ်အသုံးပြုလေ့ရှိသည်။
၃။ ဟင်းသီးဟင်းရွက်စိမ်းများနှင့်ဆေးဘက်ဝင်အပင်များ
အဓိကဟင်းလျာများနှင့် နံနံပင်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ စသည်တို့ကိုတွဲဖက်စားသုံးလေ့ရှိကြသည်။
၄။ ဟင်းခတ်မှုန့်နှင့် ပဲမျိုးစုံ
အိန္ဒိယအစားအစာများကဲ့သို့ များပြားရှုပ်ထွေးမှုများမရှိပဲ၊ မီးဖိုချောင်တွင် နနွင်းမှုန့်၊မဆလာမှုန့်စသည့် ဟင်းခတ်မှုန့်များကို မရှိမဖြစ်ဆောင်ထားတတ်ကြသည်။ ပဲမျိုးစုံကိုလည်း အသုံးပြုကြပြီး၊ ဥပမာ - မတ်ပဲ၊ကုလားပဲ၊ ပဲကြီး စသဖြင့်အသုံးပြုကြသည်။ စားတော်ပဲကို အညှာင့်ဖောက်၍ပဲပြုတ်ပြုလုပ်ရာတွင်သုံးသည်။
၅။ ဆီအများအပြားပါဝင်သောချက်ပြုတ်ပုံစံ
အထူးသဖြင့် ရိုးရာဟင်းလျာများတွင် သာမန်ကြော်ချက်များကိုသာမက ဆီပြန်ဟင်းများတွင်လည်း ဆီကို များစွာအသုံးပြုသည်။
၆။ ကိုယ်စားပြုဟင်းလျာများ
● မုန့်ဟင်းခါး (Mohinga) – ငါးပြုတ်ရည်ဖြင့်ချက်ထားသောဟင်းရည်ကို ဆန်ဖြင့်ပြုလုပ်သောမုန့်ဖတ်ဖြင့်စားရသောအစားအစာတမျိုး။ မနက်စာအတွက် နိုင်ငံတစ်နိုင်ငံလုံးတွင် လူကြိုက်များကြသည်။
● လဖက်သုပ် (Lahpet Thoke) – အချဥ်ဖောက်၍အရသာရောစပ်ထားသောလက်ဖက်ရွက်ကို ပဲကြော်နှင့်နှမ်းများက အသက်ဝင်စေသော အသုပ်တမျိုး။
● ကြက်သားဟင်း (Kyet Thar Hin) – ကြက်သား၊ ကြက်သွန်နီ၊ ဂျင်းတို့ကိုဆီသတ်ပြီး၊ဟင်းခတ်အမွှေးအကြိုင်နှင့်ခရမ်းချဥ်သီး ငံပြာရည်တို့ဖြင့်အရသာပေါ်လွင်စေသော ကြက်သားCurryဟင်းတစ်မျိုး။
၇။ အိန္ဒိယအစားအစာယဉ်ကျေးမှုနှင့် ဆက်နွယ်မှု
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာ့အစားအစာယဉ်ကျေးမှုသည် အိန္ဒိယနှင့် နီးစပ်မှုများရှိပါသည်။ ဥပမာ - စမူဆာ၊ ချာပတီ၊ ပလာတာ စသည်တို့သည် ရန်ကုန်မြို့တွင်ပင် လူသိများပါသည်။ အိန္ဒိယဘီရီယာနီနဲ့ဆင်တူသော မြန်မာထမင်း "ဒန်ပေါ်က်" ဟုခေါ်သည့် ဟင်းလျာမှာ မွေးနေ့၊မင်္ဂလာဆောင်များ၊ အလှူပွဲများ၌တည်ခင်းဧည့်ခံလေ့ရှိကြသည်။
နိုင်ငံခြားတွင်ရှိသော်လည်း မိမိနိုင်ငံ၏အစားအစာကိုမေ့လျော့မည်မဟုတ်
ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများသည် မိမိတို့ရိုးရာအစားအစာအတွက် လိုအပ်သောကုန်ကြမ်းများကို မြန်မာကုန်ကြမ်းအရောင်းဆိုင်များတွင်သာမက၊ ဗီယက်နမ်နှင့် အခြားသောအာရှနိုင်ငံများ၏ အစားအစာဆိုင်များ၊ အွန်လိုင်းဆိုင်များနှင့် SNS ပလက်ဖောင်းများမှ ရှာဖွေဝယ်ယူကြသည်။
ထို့အပြင် ယခုအခါ SNS ပလက်ဖောင်းတွင် နေ့စဥ်စားသောက်နေထိုင်မှုများကိုမျှဝေမှုများလဲများပြားလာကြသည်။ နေထိုင်ရာရပ်ရွာအသစ်တွင်ရှာဖွေတွေ့ရှိသောကုန်ကြမ်းများကိုအသုံးပြုပြီး မိမိတို့ရိုးရာအစားအစာများကို ပြန်လည်ဖန်တီး၍ လူမှုကွန်ယက်များတွင်မျှဝေကြသည်ကိုတွေ့မြင်ရသည်မှာလည်း နွေးထွေးမှုနှင့်ကြံ့ခံသန်မာမှုတို့ကိုခံစားရပါသည်။
Ambika Online Shopတွင်လည်း မတူညီသော လူနေမှုပုံစံများနှင့် သုံးစွဲသူများစိတ်ဝင်စားမှုများရှိသော လိုအပ်သော စားသောက်ကုန်ကြမ်းပစ္စည်းများကို မျှဝေရန်အတွက် အသစ်အသစ်သော ကဏ္ဍများအား ထပ်တိုးမျှဝေသွားရန် ရည်ရွယ်ထားပါသည်။ မိမိတို့နေ့စဉ်စားသောက်မှုဘဝအတွက် အသုံးဝင်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်။