မြန်မာ့တော်သလင်းပွဲတော်: ခြေတစ်ဖက် လှေလှော်ပြိုင်ပွဲမှ မြန်မာ့တို့ဟူးနွေးဆီသို့
မြန်မာ့ပြက္ခဒိန်အရ စက်တင်ဘာလသည် တော်သလင်းလဖြစ်ပါသည်။ ဒီလအတွင်း မြန်မာမှာ ထူးခြားတဲ့ လှေလှော်ပြိုင်ပွဲ ကျင်းပလေ့ရှိပါသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်အမျိုးမျိုးအနက် ရှမ်းပြည်နယ်၊ အထူးသဖြင့် အင်းလေးကန်မှာ ခြေထောက်တစ်ဖက်ဖြင့် လှေလှော်ကျွမ်းကျင်သော အင်းသားများမှာ အထူးထင်ရှားပါသည်။ ယင်းဒေသသည် အင်းလေးကန်အတွင်း ရေပေါ်ရွာများ၊ ရေပေါ်စိုက်ခင်းများ၊ ရိုးရာငါးဖမ်းသမားများနှင့် ရေပေါ်သစ်သားအိမ်များမှာလည်း ကျော်ကြားလှပါသည်။
ကျဉ်းမြောင်းတဲ့ လှေပေါ်မှာ ခြေထောက်တစ်ဖက်ဖြင့် ဟန်ချက်ညီညီ ထိန်းရင်း ကျန်ခြေတစ်ဖက်ဖြင့် လှေလှော်သည်ကို တွေးကြည့်လိုက်ပါ။ အမြင်အားဖြင့် ရိုးရှင်း လွယ်ကူသည် ထင်ရပေမဲ့ အမှန်မှာ ခွန်အား၊ ဟန်ချက်နှင့် ကျွမ်းကျင်မှုတို့ လိုအပ်ပါသည်။ ဒီတမူထူးခြားတဲ့ လှေလှော်နည်းစနစ်မှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ အင်းလေးဒေသခံများရဲ့ ကြွယ်ဝတဲ့ရိုးရာ ယဉ်ကျေးမှုပင် ဖြစ်ပါသည်။ 
ရှမ်းပြည်နယ်သည် ခြေထောက်တစ်ဖက်ဖြင့် လှေလှော်နည်းသာမက အရသာရှိသော အစားအသောက်များကြောင့်လည်း လူသိများလှပါသည်။ ဒါ့ကြောင့် အားလုံးကို မြန်မာ့ဟင်းလျာတွေအနက် အရမ်းအရသာရှိတဲ့ ဟင်းလျာကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာရဲ့ အဓိကဇာတ်ဆောင်မှာ မြန်မာ့တို့ဟူးနွေး ဖြစ်ပါသည်။

ဆိုတော့ ဒီကနေ့ပဲ အားလုံးကို နည်းနည်း စိတ်လှုပ်ရှားရတဲ့အရာဆီ ခေါ်ဆောင်သွားပါမည် _ခြေတစ်ဖက် လှေလှော်ပြိုင်ပွဲမှ မြန်မာ့တို့ဟူးနွေးဆီသို့
အားလုံးပဲ တို့ဟူးကို စားဖူးကြပါသလား?။
ကျွန်ုပ်တို့အများစု စားဖူးကြမည် ထင်ပါသည်။
ဒါပေမယ့် မြန်မာ့တို့ဟူးသည် သင်တို့ စားဖူး၊ သိပြီးသား တို့ဟူးနှင့် ကွဲပြားခြားနားပါသည်။ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် တခြားနိုင်ငံများလို ပဲပိစပ်မှ တို့ဟူးကို ပြုလုပ်ခြင်း မဟုတ်ပါ။
ဒီတော့ အဘယ့်ကြောင့် မြန်မာ့တို့ဟူးသည် ကွဲပြားရသနည်း?။
မြန်မာ့တို့ဟူးသည် ကုလားပဲမှုန့်ဖြင့် ပြုလုပ်ပြီး တို့ဟူး၏လှပသော အဝါရောင်နှင့် နူးညံ့ပျော့ပြောင်းတဲ့ အထိအတွေ့ပင် ဖြစ်ပါသည်။ ပုံမှန် ပဲပိစပ် တို့ဟူးမဟုတ်ဘဲ ဆိမ့်သော အရသာနှင့် တမူထူးသော အထိအတွေ့ရှိပြီး သူ့အတိုင်းလည်း အရသာရှိတဲ့အပြင် တခြားဟင်းလျာဖြင့်လည်း တွဲဖက်စားသောက်နိုင်ပါသည်။ ဟင်းချက်နည်း အမျိုးမျိုးဖြင့် ရိုးရှင်းလွယ်ကူသော မုန့်အနေမှ ဟင်းလျာအထိ ချက်ပြုတ်စားသောက်နိုင်ပါသည်။
မြန်မာမှာ တို့ဟူးသည် အသက်အရွယ်မရွေး လူကြီး၊ လူငယ်၊ ကလေးများပင် ကြိုက်နှစ်သက်တဲ့ အစားအစာဖြစ်ပါသည်။ ဟင်းချက်နည်း အမျိုးမျိုးဖြင့်_တို့ဟူးသုတ်မှ တို့ဟူးကြော်ကို အချဉ်ရည်နှင့် တခြားဟင်းလျာများဖြင့် စားသောက်နိုင်ပါသည်။ 
မြန်မာ့တို့ဟူးနွေးဆိုသည်မှာ အဘယ်နည်း?။
မြန်မာ့တို့ဟူးမှ တို့ဟူးနွေးကို ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာမှာ လူကြိုက်များတဲ့ နူးညံ့ပြီး တမူထူးခြားသော ခေါက်ဆွဲ ဖြစ်ပါသည်။ မနက်စာ၊ နေ့လည်စာအပြင် ညစာအဖြစ်ပါ စားသောက်နိုင်ပါသည်။
ယင်းတို့ဟူးနွေးသည် မြန််မာ့အစားအစာများအနက် သားသတ်လွတ် ခေါက်ဆွဲ ဖြစ်ပါသည်။ ကြိုက်နှစ်သက်သလို အသားနှင့် တခြားအစားအစာများလည်း ထည့်သွင်းစားသောက်နိုင်ပါသည်။ ချဉ်ချဉ်စပ်စပ်အရသာကို ကြိုက်နှစ်သက်ပါက အသီးချဉ်၊ ကင်ချီတို့ဖြင့်လည်း စားသောက်နိုင်ပါသည်။

ပုံမှန် ကျွန်ုပ်တို့ တွေးထားတာနှင့် လုံးဝကွဲပြားခြားနားပြီး နူးညံ့တဲ့ အထိအတွေ့အပြင် အရသာမှာလည်း တမူထူးခြားနေပါသည်။ အရင်နှင့်မတူသော လုံးဝကွဲပြားတဲ့ တို့ဖူးအရသာပင် ဖြစ်ပါသည်။
မြန်မာ့တို့ဖူးနွေးသည် ရိုးရှင်းတဲ့ ခေါက်ဆွဲဟင်းလျာချည်း မဟုတ်၊ ထူးခြားတဲ့အဓိပ္ပါယ်များရှိတဲ့အပြင် အထူးသဖြင့် ပြည်ပရောက်မြန်မာများအတွက် အိမ်လွမ်းပြေဆာလည်း ဖြစ်ပါသည်။ တဆက်ထဲမှာပင်
မတူညီတဲ့ ရိုးရာယဉ်ကျေးမှုများကို စိတ်ဝင်စားသော နိုင်ငံခြားသားများ_ ဂျပန်၊ အိန္ဒိယ၊ နီပေါလူမျိုးများအပြင် မြန်မာ့တို့ဟူးနွေးကို စားသောက်ကြည့်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကိုတဆင့် သိရှိနိုင်ပါသည်။
ဘာကြောင့် Ambikaတံဆိပ်ကို ရွေးချယ်ရတာလဲ?။
မြန်မာ့တို့ဟူးနွေး ပြုလုပ်သည့်အခါ အဓိကဇာတ်ကောင်မှာ မြန်မာ့တို့ဟူး ဖြစ်သည့်အပြင် ကောင်းမွန်သော ကုလားပဲမှုန့်ကို ရွေးချယ်မှုမှာ အရေးပါလှပါသည်။ အရောင်၊ အနံ့၊ အရသာရှိသော မြန်မာ့တို့ဟူးကို ပြုလုပ်ရန် Ambika ကုလားပဲမှုန့် မှာ မြန်မာလူမျိုးများနှင့် စားသောက်ဆိုင် ပိုင်ရှင်များမှ ထောက်ခံ အားပေးလျှက်ရှိပါသည်။ ပြည်ပရောက် မြန်မာများအတွက် Ambikaတံဆိပ် မှာ မိမိ၏မီးဖိုချောင်တွင် ချက်ပြုတ်ရင်း အိမ်ရဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။
ဒါပေမယ့် မြန်မာ့တို့ဟူးနွေးသည် မြန်မာများအတွက်တင်သာမက အစားအသောက်ချစ်သူများဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်၊ နီပေါနှင့် အခြားနိုင်ငံခြားသားများပင် ထူးခြားတဲ့ မြန်မာ့တို့ဟူးကို ကြိုက်နှစ်သက်နိုင်ပါသည်။ အကယ်၍ သင်သည် အရသာနဲ့ အစားအသောက် အသစ်အဆန်းများကို မြည်းစမ်းစားရသည်ကို ကြိုက်နှစ်သက်ပါက မြန်မာ့တို့ဟူးနွေးကို သုံးဆောင်နိုင်ပါသည်။
မြန်မာလူမျိုး တစ်ယောက်အနေဖြင့် သင်တို့ ဒီတို့ဟူး အတွေ့အကြုံအသစ်ကို ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါသည်။
ပထမဆုံးအနေဖြင့် မြန်မာ့တို့ဟူးနွေးကို မပြုလုပ်မှီ လိုအပ်တဲ့ပါဝင်ပစ္စည်းများကို ကြည့်လိုက်ကြရအောင်။
၁၊ ကုလားပဲမှုန့် (Ambika)
၂၊ နနွင်းမှုန့် (Ambika)
၃၊ ဆား (Ambika)
၄၊ နေကြာဆီ
၅၊ ပဲငံပြာရည်
၆၊ ငရုတ်ဆီ
၇၊ မြေပဲ (Ambika)
၈၊ ကြက်သွန်ကြော် (Ambika)
၉၊ ဆန်ခေါက်ဆွဲ
၁၀၊ နံနံပင်
ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးပါက နောက်တစ်ဆင့်ကို သွားကြရအောင်။
မြန်မာ့တို့ဟူးနွေးကို မည်သို့ပြုလုပ်မည်နည်း?။
၁၊ ပထမဆုံး ကုလားပဲမှုန့်၊ နနွင်းမှုန့်၊ ဆားနှင့် ရေတို့ကို ပန်းကန်လုံးအကြီးထဲ မွှေပါ။ မိနစ်အနည်းကြာ ထားပါ။
၂၊ မီးအေးအေးဖြင့် အိုးအကြီးထဲကို မွှေထားသော ကုလားပဲအရည် အနည်းငယ်ကို လောင်းထည့်ပါ။ ဇွန်းဖြင့် အဆက်မပြတ် မွှေရင်း ကျန်ရှိသော ကုလားပဲအရည်ကို တဖြည်းဖြည်းချင်း လောင်းထည့်ပါ။ စဉ်ဆက်မပြတ်မွှေရင်း နေကြာဆီအနည်းငယ် ထည့်ပေးပါ။
၃၊ မိနစ် ၂၀-၃၀ခန့် ကြိုချက်ရင်း ကုလားပဲအရည်သည် ပျစ်နှစ်လာပြီး နူးညံ့တဲ့ကုလားပဲအနှစ် ဖြစ်လာသည်အထိ အဆက်မပြတ်မွှေပေးပါ။ မီးအနည်းငယ်ဖြင့် အပူပေးထားပါ။
၄၊ ဆန်ခေါက်ဆွဲကို ရေနွေးဖြင့် ပြုတ်ပြီး ပြင်ဆင်ထားပါ။ ကျက်သွားလျှင် ဆန်ခေါက်ဆွဲများကို ရေအေးဖြင့် ဆေးချပြီး ရေစစ်ထားပါ။
၅၊ ကျက်သွားသော ဆန်ခေါက်ဆွဲများကို ပန်းကန်လုံးအတွင်း ထည့်ပြီး တို့ဟူးအနှစ်၊ ပဲငံပြာရည်၊ ငရုတ်ဆီ ထည့်ပါ။ မြေပဲဆံသို့မဟုတ် နှမ်း၊ ကြက်သွန်ကြော်နှင့် နံနံပင်ကို အပေါ်မှ ဖြူးပါ။
မွှေပြီး အရသာရှိသော မြန်မာ့တို့ဟူးနွေးကို စားသောက်သုံးဆောင်နိုင်ပါပြီ။ ။